မှောင်ရိပ်မပြယ်သေး
ရောင်နီမဆင်သေး။
မွှေးမွှေးရီရီ
နီနီစွေးစွေး
အမရီတာ* နှင်းဆီ
ဒို့ခြံထဲမှာ ပွင့်နေပြီ။
အမရီတာ-Amarita
အိုအောင်
၁၄၊၅၊၂၀၁၁
Showing posts with label အိုအောင် ကဗျာ. Show all posts

Tuesday, May 17, 2011
အင်ကြင်းအေး
မင်းလေးကိုသိပ်သတိရ၊ ဒိုရေမီဖာဆိုလာတီဒို
စဉ်းစား အရှည်ကြီးတွေး၊ ခဏလေးဆွေးရင်း
တာချီလိတ် တာလေ၊ ဖူကူရှီးမား
ဗိုလ်ကြူးနဲ့ ပို့စ်ခေတ်ပေါ်၊ အဲဒီမှာရှော့ခ်ရှိတယ်
နေရဲမာန်သင်္ကြန်တွေ၊ လမ်းဆုံက ဂျမ်းဘုံ
ဘီးဂျဲနဲ့ပြဿနာ၊ စာသားအပြင်ဘက်မှာ ဘာမှ မရှိ
မေးမနေနဲ့ဘိုသိန်းရဲ့၊ လိုင်းတွေဘီးဇီးဖြစ်
ဆိုတော့ နူတ်ခမ်းနာနဲ့တည့်ပါ့မလား၊ ဇာတ်လမ်းက မသန်း
အစွန်းနှစ်ဖက်ကြားလမ်းထွင်လျှောက်၊ ပိုကောင်းမယ့်မနက်ဖြန်
ကဒါဖီကိုဖယ်ရှားရန်ကြိုးပမ်း၊ ဟန်တင်တန်ရဲ့အလိုအရ
မတူတာလေးတွေပေါ့ ကိုဇော်ဝင်းလှိုင်၊ ငါတို့နဲ့ ဝိဒူရ ဒုက္ခ
ဒီ့ထက်နှောင်းသွားရင် ပါးဟပ်ညိုလို့၊ ခက်နေပြီ ကိုရွှေ
လူမှန်နေရာမှန်၊ အလုပ်က အိုက်တိုးပဂေးဆန်
ပါးပါးလေးပါလား ဘဝက၊ အာရပ်ကမ္ဘာဆီ သွားစို့
ဒို့လူလေးများဆိုသလေးနဲ့ပါလီမန်၊ ဘာလုပ်ခဲ့တယ်ဆိုတာပဲအရေးပါ
တက္ကနိတွေလွှင့်ပစ်မိလို့၊ပင်လယ်မဲ့မဲ့နေ့များ
အရေးထဲကွန်နက်ရှင်မကောင်း၊ ဟိုတုန်းကလောက်မပျော်ပါ
အင်ကြင်းအေး။
အိုအောင်
၃၀၊၄၊၂၀၁၁

Wednesday, April 20, 2011
သူမ
ကောက်နှံ့ပြည့်လယ်၊စန္ဒကူးတော
မြင့်မားသောရယ်သံ၊ အတိုင်းမသိ လျှို့ဝှက်ချက်များ။
သုံးရာသီရေတံခွန်၊နတ်သမီးပုံပြင်
ကြီးမြတ်သောဝါကျ၊သမားကောင်း၊ဓားတစ်လက်။ ။
အိုအောင်
(၉၈ အချစ်ကဗျာ၊အချစ်ကဗျာ ၉၈ ကဗျာစာအုပ်မှ)

Subscribe to:
Posts (Atom)